နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်အလိုက် ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်အလိုက် ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေး



နတ်မောက်  ၊ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ တာဝန်ရှိသူများက မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကြေညာထားမည်ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက မဲဆန္ဒရှင် အမည်စာရင်းများကို ဒေသခံပြည်သူများ အလွယ်တကူကြည့်ရှုနိုင်ရန် စနစ်တကျဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)