ရန်ကုန် ၊ နိုဝင်ဘာ ၂၀
(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီအစည်းအဝေးများကို မြန်မာနိုင်ငံဘဏ်များအသင်းက အိမ်ရှင်အဖြစ် နိုဝင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိရန်ကုန်မြို့၊ Novotel Yangon Max Hotel ၌ ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့က (၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံအား“Optimising Banking in a Digital Age: Successes and Challenges” ခေါင်းစဉ်ဖြင့် စတင်ကျင်းပသည်။ယနေ့တွင်ကျင်းပသည့် (၂၄)ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးသက် ထွန်းအောင်၊ အာဆီယံဘဏ်များအသင်းဥက္ကဌ Mr. Jose Teodoro K. Limcaoco၊ အာဆီယံဘဏ်များမှ အကြီးတန်စီမံခန့်ခွဲသူများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ် (၂၀၀)ကျော်တို့မှ တက်ရောက်ကြသည်။ အဆိုပါ အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဌဒေါ်ခင်စောဦး၊ အာဆီယံဘဏ်များအသင်းဥက္ကဌ Mr. Jose Teodoro K. Limcaocoတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hournက ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့သည်။ထို့နောက် အထူးဧည့်သည်တော်များနှင့် အာဆီယံဘဏ်များအသင်းဥက္ကဋ္ဌတို့သည် အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံ၊ (၅၃) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို (၂၁-၁၁-၂၀၂၅) နေ့အထိ ရန်ကုန် မြို့ရှိ Novotel Yangon Max Hotel ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် လူကိုယ်တိုင်လည်းကောင်း၊ Online မှလည်းကောင်း တက်ရောက်ကြကြောင်း သိရှိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment