ပဲခူးမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာသင်တန်း ဖွင့်လှစ်




ပဲခူး  ၊ နိုဝင်ဘာ ၇


ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး) သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးဒေါ်ခင်မာသက်က သက်မွေးပညာရပ်သင်တန်းများ သင်ကြားပေးခြင်းသည် အထူးကောင်းမွန်သည့်အစီအစဉ်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်ပြီးပါက မိသားစု ဝင်ငွေရရှိနိုင်မည့် ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမှာဖြစ်ကြောင်း၊ သင်ယူခဲ့သည့် အသိပညာ၊ အတတ်ပညာများနဲ့ ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတို့၏လုပ်ငန်းနယ်ပယ်များတွင် ပြန်လည်အသုံးချလုပ်ကိုင် နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။


ထို့နောက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း(ပဲခူး)သင်တန်း‌ကျောင်း၊ ကျောင်းအုပ်ကြီး ဦးအောင်နိုင်စိုးက သင်တန်းဖွင့်လှစ်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ပြသထားသည့် ထုတ်ကုန်ပစ္စည်းများနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြ သည်။


အဆိုပါ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာသင်တန်းအား နိုဝင်ဘာလ(၇)ရက်နေ့မှ (၁၃)နေ့အထိဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ(၂၀)ဦးတက်ရောက်ကာ ကျွမ်းကျင်သင်တန်း နည်းပြများမှ ရေချိုးဆပ်ပြာရည်ပြုလုပ်နည်း၊ ခေါင်းလျော်ရည်ပြုလုပ် နည်း၊ လက်ဆေးဆပ်ပြာပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာပြုလုပ် နည်းနှင့် အ၀တ်လျှော်ဆပ်ပြာရည်ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)