တိုက်ကြီးမြို့နယ်၌ ဆရာ၊ ဆရာမများ သင်ကြားရေးအရည်အသွေးမြင့်မားစေရေး ဘာသာရပ်စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်း ဖွင့်လှစ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်၌ ဆရာ၊ ဆရာမများ သင်ကြားရေးအရည်အသွေးမြင့်မားစေရေး ဘာသာရပ်စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်း ဖွင့်လှစ်လျက်ရှိ

 


တိုက်ကြီး  ၊ နိုဝင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဆရာ၊ ဆရာမများ သင်ကြားရေးအရည်အသွေးမြင့်မားစေရေးရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းကို နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းကို အ.ထ.က(မြို့မ)၊ အ.ထ.က စက်၊ စိုက်၊ မွေး(တိုက်ကြီး)၊ အ.ထ.က(ခွဲ)(မြို့မ ၃)တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၁၀ မိနစ် အထိ ဖွင့်လှစ်လျက်ရှိပြီး တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့်  ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမ၊ စုစုပေါင်း ၂၀၄၀ ဦးအား နိုဝင်ဘာ ၁၄ ရက်နေ့မှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ သုံးရက်ကြာ နည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝတ်ရည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)