ကော့ကရိတ်မြို့၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ




ကော့ကရိတ်  ၊ နိုဝင်ဘာ ၂၇


၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအားသိရှိနိုင်ရန်အတွက်  ယနေ့နံနက် ၁၀ နာရီက  ကေ့ာကရိတ်မြို့ ရပ်ကွက်/ကျေးရွာအုပ်စု တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ  မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကေ့ာကရိတ်မြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်တို့တွင် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုကို ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် အိမ်တိုင်ရာရောက်

မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မိမိရပ်ကွက်အတွင်း နေထိုင်သည့်အိမ်ထောင်စုအလိုက် မဲစာရင်းပါမပါတိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူနေမှုကို  လိုက်လံကြည့်ရှုကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်မှစ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။


ကေ့ာကရိတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)