ဥတ္တရသီရိမြို့နယ်၌ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ‌‌ရေး နည်းပညာ‌ပေးဆွေးနွေးပွဲ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ‌‌ရေး နည်းပညာ‌ပေးဆွေးနွေးပွဲ ဆောင်ရွက်




ဥတ္တရသီရိ ၊  နိုဝင်ဘာ ၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ‌‌ရေး တောင်သူများအားနည်းပညာ‌ပေးဆွေးနွေးပွဲကို ယမန်‌နေ့က သရက်တော‌ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးရုံးနှင့်တောင်ညို‌‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် တာဝန်ရှိသူများမှ တောင်သူများအား တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်ရေး၊ သီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ ပိုးသတ်ဆေးသုံးစွဲမှုမှန်ကန်စေရေး၊ ပိုးသတ်ဆေးအစားထိုး သဘာဝ ပိုးသတ်ဆေးများသုံးစွဲရေးနှင့်ဆောင်းသီးနှံအတွက်မျိုးလိုအပ်ချက်မရှိစေရေးတို့ကို နည်းပညာ‌ပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တောင်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များ အပေါ် လိုအပ်သည်များ ပြန်လည်ဖြေကြားပေးခဲ့သည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)