မြဝတီ မြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး ရပ်ကွက်/ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစိစစ်ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီ မြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး ရပ်ကွက်/ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစိစစ်ဆောင်ရွက်ပေး




မြဝတီ  ၊နိုဝင်ဘာ ၃၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေး ကောက်ပွဲတွင်မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေး မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာပေးခဲ့ရာ ကျန်ရှိမှုမ​ရှိစေရေးအတွက် ယမန်နေ့နံနက် (၉)အချိန်တွင်အမှတ် (၃) ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ကွင်းဆင်း၍ စိစစ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

မြဝတီမြို့ရှိ  မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်တို့တွင်  ဒုတိယအကြိမ်မဲစာရင်းများကပ်ထား ကြေညာမှုတွင် ပြည်သူများကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ တစ်အိမ်တက်ဆင်းကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ကြရာ အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်သည့် ပြည်သူများအား ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိသည့် ပြည်သူများအား ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိသည့် ပြည်သူများအား ပြင်ဆင် လွှာပုံစံ (၄-ဂ)ဖြင့်လည်းကောင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။

မြဝတီမြို့ရှိ မဲဆန္ဒရှင်စာရင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုက်ညီမှုမရှိသည့် ပြည်သူများအား ဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ ရပ်ကွက်(၇)ရပ်ကွက် အလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်း​ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။  


ဆောင်းနှင်းဖြူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)