သန်လျင်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သန်လျင်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ




ရန်ကုန်  ၊ နိုဝင်ဘာ ၂၈


သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာ တောင်သူ ဦးပေါ်ဆန်း၏ လယ်မြေ၌ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က ဆီထွက်သီးနှံ( နေကြာ) စိုက်ပျိုးမှုနှင့်ပတ်သက်၍ နည်းပညာနှင့် ပံ့ပို့ကူညီ ဆောင်ရွက်သွားမည့်အစီအစဥ်များ၊ဆောင်းသီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးမှာကြားသည်။

ထို့နောက် နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးတင့်နိုင်၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်ဒုတိယဗိုလ်မှူးကြီး တင်ကိုကို၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်တို့ကပေးအပ်​ကြ​သည်။

ဆက်လက်၍  နေကြာမျိုးစေ့ချကိရိယာဖြင့် နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးနိုင်ရေးဆောင်ရွက်ထားရှိမှုများကို ဒေသခံတောင်သူများနှင့် ဧည့်သည်တော်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)