ရမည်းသင်း ၊ နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးရွှေဇင်သည် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ရွေးကောက်ပွဲဆိုင်ရာ ရမည်းသင်းခရိုင်တာဝန်ခံ တိုင်းဒေသကြီးဝန်ကြီးက အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ဆွေးနွေး တင်ပြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် သင်းရတနာခန်းမတွင် မြန်မာအီလက်ထ ရောနစ်မဲပးစက်(MEVM)များ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ ကွင်းဆင်းစိစစ်ရေး အဖွဲ့ (၆၄)ဖွဲ့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် သိမ်ကုန်းကျေးရွာအုပ်စုမှ မဲဆန္ဒရှင်များမဲစာရင်းလာရာက်ကြည့်ရှုနေမှုနှင့် မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် မဲရုံသို့လာရာက်၍ မဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းတွင်ပါရှိရေးတို့ကို မှာကြားသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအားပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပျောက်ဆုံး/ပျက်စီးသူများအား ဆောင်ရွက်ပေးခြင်းနှင့် UID ကောက်ယူခြင်းများကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ သွားရောက်၍ မဲဆန္ဒရှင်များမကျန်ရှိစေရေးအတွက် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို သက်ဆိုင်ရာအဖွဲ့ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment