ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်









ပဲခူး၊ နိုဝင်ဘာ ၂၀

 ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက (၃၆)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

 ရှေးဦးစွာ ပဲခူးမြို့၊ မူလတန်းကြို(၂)မှ သားငယ်/သမီးငယ်လေးများက “ပြည်ထောင်စုကြီး ထာဝရ တည်တံ့စေသား” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ်များဟာ အနာဂတ်ကို ပုံဖော်ထုဆစ်မည့်သူများဖြစ်၍ နည်းမှန်လမ်းမှန်ဖြင့် ငယ်စဉ်ကတည်းက စနစ်တကျပြုစုစောင့်ရှောက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ကလေးသူငယ်များကို နိုင်ငံတော်က အားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ကြီးပြင်းလာစေရန်အတွက် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင် ဆောင်ရွက်ခွင့်တိုကို အပြည့်အဝရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ကလေးသူငယ် များအတွက် ကျန်းမာရေးဆိုင်ရာအခွင့်အရေး၊ ပညာရေးဆိုင်ရာအခွင့်အရေး၊ ကလေးလူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ မသန်စွမ်းကလေးသူငယ်များ/ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း စသည့်အခွင့်အရေးများကို ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အသင်းအဖွဲ့များမှ ပူးပေါင်းဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်အတိုင်း ကလေးသူငယ်များ၏ စကားသံများကို များများနားထောင်ပြီး ကလေးသူငယ် တစ်ဦးချင်းစီတိုင်း၏ လိုအပ်ချက်များဖော်ဆောင်ပေးခြင်း၊ အခွင့်အရေးမြှင့်တင်ပေးခြင်းနှင့် အကျိုးစီးပွားရရှိ ခံစားနိုင်စေရေး ဝိုင်းဝန်းဖော်ဆောင်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ပြည်ထောင်စုသွေး”သီချင်းဖြင့် အသီးသီး ကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ကပြဖျော်ဖြေတင်ဆက် ခဲ့ကြသူများအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)