ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းဖမ်းဆီးရမိ


နေပြည်တော်၊ နိုဝင်ဘာ ၁၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီခန့်တွင် မှိုင်းဆွေ မောင်းနှင်လာသော ISUZU ၆ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကို ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဆက်စပ်သတင်းများအရ အဆိုပါဖမ်းဆီးရမိစိတ်ကြွဆေးပြားများအား မန္တလေးမှ ဘားအံသို့ သယ်ဆောင်ခိုင်းသူမှာ မန္တလေးမြို့နေ မြတ်မင်းဦး(ဖမ်းဆီးရန်ကျန်)နှင့် ဖမ်းဆီးရမိမော်တော်ယာဉ် အား မန္တလေးမြို့၊ စွယ်တော်ကားဝင်းအနီးသို့ လာရောက်ပို့ဆောင်သူမှာ ပြင်ဦးလွင်မြို့နေ အောင်မျိုးဝင်း (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်း သိရှိရပြီး မန္တလေးမှ ဘားအံသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)