ဘားအံမြို့၌ နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့၌ နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်



ဘားအံ  ၊ နိုဝင်ဘာ ၁၀


နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲကို ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့ပေါင်း(၂၀)တို့က ဘားအံမြို့ သီရိကွင်း ဒုံးစင်မြင့်၌ နိုဝင်ဘာ ၈ ရက် ညပိုင်းက ဒုံးအဖွဲ့များ၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြဖျော်ဖြေယှဉ်ပြိုင်ကြသည်။

ဒုံးအကပြိုင်ပွဲ၏ စတုတ္ထမြောက်ည ယှဉ်ပြိုင်မှုအဖြစ် ထိုင်းရောက်ကရင်ပရဟိတကုံလွှဲ ယဉ်ကျေးမှုဒုံးအဖွဲ့၊ ပိုင်ကျုံတိုက်နယ်ကိုယ်စားပြုစုပေါင်းဒုံးအဖွဲ့၊ ကော့ကရံဘုန်းတော်ကြီးသင်ပညာရေးဒုံးအဖွဲ့(၁)၊ နယ်စပ်ပွင့်ဝေ DKBA ဒုံးအဖွဲ့၊ မိဇံတိုက်နယ်စုပေါင်းဒုံးအဖွဲ့၊ လှိုင်းဘွဲမြို့နယ်ကိုယ်စားပြုဒုံးအဖွဲ့၊ အိန္ဒုတိုက်နယ်ကိုယ်စားပြု လွန်းညဒုံးအဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ဒုံးအဖွဲ့၊ ဘားအံမြို့တော်စုပေါင်းဒုံးအဖွဲ့၊ ထုံးအိုင်တိုက်နယ် စုပေါင်းဒုံးအဖွဲ့တို့က ဖားစည်၊ ကျွဲချို၊ အိုးစည်၊ ဘင်၊ နှဲ၊ မောင်း၊ စည်းဝါး၊ လင်ကွင်းတို့ကို တီးမှုတ်ကြပြီး ကရင်တိုင်းရင်းသားတို့၏ လူနေမှုဘဝများ၊ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ မျက်မှောက်ခေတ်ကာလအတွင်းကြုံတွေ့နေရသည့်အခြေအနေများကို ရေးစပ်သီကုံးထားသည့် ကရင်တေးသီချင်းများကိုသံပြိုင်သီဆို၍ မြူးကြွသွက်လက် မြိုင်ဆိုင်စွာကပြယှဉ်ပြိုင်နေမှုများကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ခဲ့ကြသည်။

အလားတူ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ ဌာနဆိုင်ရာများ၏ဒေသဖွံ့ဖြိုးရေးဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၏ ပြခန်းများ၊  အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ၏ ဒေသထွက်ကုန်အရောင်းပြခန်းများ၊  စင်တင်တေးဂီတဖျော်ဖြေပွဲများ၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ၊ အားကစားပြိုင်ပွဲများ၌ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)