ယူကရိန်းက ရုရှား ရေနံသန့်စင်စက်ရုံတွေကို တိုက်ခိုက်နေလို့ အမေရိကားမှာ ရေနံဈေးတက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းက ရုရှား ရေနံသန့်စင်စက်ရုံတွေကို တိုက်ခိုက်နေလို့ အမေရိကားမှာ ရေနံဈေးတက်


နိုဝင်ဘာ - ၁၇ ( တနင်္လာနေ့ ) 

ယူကရိန်း နိုင်ငံက ရုရှား စွမ်းအင် စက်ရုံတွေကို တိုက်ခိုက်တာဟာ အမေရိကန်၊ ဥရောပနဲ့ အာရှမှာ ရေနံဈေးတွေ မြင့်တက်ဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ဘလွန်းဘာဂ် သတင်းဌာနက စနေနေ့က ထုတ်ဝေတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ 

တိုက်ခိုက်မှုများကြောင့် အာရှနှင့် အာဖရိကရှိ အဓိကစက်ရုံများတွင် ကုန်ကြမ်းစီးဆင်းမှု ပြတ်တောက်ကာ ဒီဇယ်နှင့် ဓာတ်ဆီ စည်သန်းပေါင်းများစွာကို ကမ္ဘာ့ဈေးကွက်မှ ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။  ရုရှားစွမ်းအင် ကုမ္ပဏီကြီးတွေဖြစ်တဲ့ လက်အွိုင် နဲ့ ရော့စ်နက်ဖ် တို့ကို အောက်တိုဘာလအတွင်းက အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုများနှင့်အတူ အီးယူ ရဲ့ ဈေးနှုန်း ကန့်သတ်ချက်များကြောင့် စွမ်းအင်ဈေးနှုန်တွေ ပိုမိုမြင့်မားလာစေရန် ကူညီပေးလိုက်သလို ဖြစ်သွားပါတယ်။ 

အမေရိကန်၊ ဥရောပနှင့် အာရှ မှာ လောင်စာဆီဈေးက ထပ်တက်ဖို့ပဲ ရှိပါတယ်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ မြင့်ဆုံးဈေးကို ရောက်လာပါတော့မယ်။ ပိုဆိုးတာက ကူဝိတ်နဲ့ နိုင်ဂျီရီးယားက ရေနံသန့်စင်စက်ရုံတွေကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ထားတာကလည်း ကမ္ဘာ့ရေနံဈေးကွက်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာနေပါတယ်။ 

ယူကရိန်းက ရုရှား ရေနံသိုလှောင်ရုံများ၊ ပြုပြင်ထုတ်လုပ်သည့် စက်ရုံများကို ဒရုန်းများနှင့် ဒုံးကျည်များဖြင့် ပစ်မှတ်ထားပြီး တိုက်ခိုက်နေပါတယ်။ သူတို့က ရုရှားရဲ့စွမ်းအင်လုပ်ငန်းတွေက စစ်မီးကို ဆက်မွှေးပေးနေတဲ့ ယန္တရားတွေ ဆိုပြီး အဲ့ဒိ အမြစ်ကို ဖြတ်ဖို့လုပ်နေတာပါလို့ ဆိုပါတယ်။ အခုဆိုရင် ယူကရိန်းဒရုန်းတွေက ရုရှား မဟာဓာတ်အားလိုင်းတွေကိုပါ တိုက်ခိုက်နေပြီဖြစ်ပါတယ်။ ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကျဆင်းအောင် ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်တဲ့ စနစ်ကျင့်သုံးနေပါတယ်။ 

အဲ့လိုလုပ်နေတာက ကမ္ဘာ့စွမ်းအင်လုပ်ငန်းတစ်ခုလုံး ကမောက်ကမတွေ ဖြစ်အောင်လုပ်နေတာနဲ့ အတူတူပဲ ဖြစ်နေပါတယ်။ ဟန်ဂေရီနိုင်ငံကဆိုရင် ဆိုဗီယက်ခေတ်ကတည်းက သူတို့ဆီကို လောင်စာတွေပို့ပေးနေတဲ့ ဒရူဇာဘာ ပိုက်လိုင်း ကို အကြိမ်ကြိမ် တိုက်ခိုက်နေတဲ့ ယူကရိန်းရဲ့ ထိပ်တန်း ဒရုန်းတပ်မှူး ရောဘတ် ဘရိုဗီဒီ ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)