ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု





ပုဇွန်တောင်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ ဒုတိယအကြိမ်မဲစာရင်းများကို ရပ်ကွက်များအလိုက် ယနေ့နံနက်မှစတင်၍ ကပ်ထားကြေညာထား ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား ပြည်သူများသိရှိစေရေးအတွက် တာဝန်ရှိသူ များက ရပ်ကွက်များအတွင်း အသံချဲ့စက်များဖြင့် လှုံ့ဆော်အသိပေးလျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် သွားရောက်ကြည့်ရှု၍ မိမိအမည်မပါဝင်ပါကပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အအလက်များ မှားယွင်းနေလျှင် ပုံစံ(၄-ဂ) ဖြင့်လည်းကောင်း၊ လျှောက်ထားနိုင်ကြောင်း သိရသည်။    

ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ အထိ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမည်ဖြစ်သည်။ ယင်း ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င် များက လှည့်လည်ကြည့်ရှု၍  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)