နိုဝင်ဘာ - ၁၃ ( ကြာသပတေးနေ့ )
အစ္စရေးပါလီမန်က လူမျိုးရေးခွဲခြားသည့် ရည်ရွယ်ချက်ဖြင့်လည်ကောင်း၊ ဂျူးနိုင်ငံကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း ပြုမူလုပ်ဆောင်သော အကြမ်းဖက်မှုများနဲ့ အကြမ်းဖက်သမားများ အတွက် သေဒဏ်ပေးရမယ်ဆိုတဲ့ ဥပဒေကြမ်းကို တနင်္လာနေ့တွင် အတည်ပြုခဲ့ပါတယ်။
အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီးနဲ့ ၎င်းရဲ့ လက်ယာစွန်းပါတီတို့က ဦးဆောင်ရေးဆွဲတဲ့ ဥပဒေမူကြမ်းမှာ အစ္စရေးသားတွေကို သတ်ဖြတ်ပြီး “အစ္စရေးနိုင်ငံနှင့် ပြည်တွင်း ဂျူးလူမျိုးများရဲ့ ပြန်လည်ရှင်သန်မှုကို ထိခိုက်စေသော အကြမ်းဖက်သမားများ”နဲ့ သက်ဆိုင်တယ် လို့ ပါရှိပါတယ်။
“ရည်ရွယ်ချက်ကတော့ အကြမ်းဖက်ဝါဒကို အမြစ်မှဖြတ်တောက်ပြီး ကြီးမားသော အဟန့်အတားဖြစ်စေရန် အတွက်ပဲဖြစ်ပါတယ်” လို့ လုံခြုံရေးကော်မတီက ဥပဒေကြမ်းကိုရှင်းပြတဲ့ ကြေညာချက်တွင် ဖော်ပြထားပါတယ်။
အဆိုပါဥပဒေအရ အနောက်ဘက်ကမ်းရှိ စစ်ခုံရုံးများတွင် တာဝန်ထမ်းဆောင်နေသော တရားသူကြီးများအား သေဒဏ်ပေးပိုင်ခွင့်ရှိတယ်ဆိုတာကို အပ်နှင်းလိုက်တာပဲ ဖြစ်ပါတယ်။ ထိုဒေသရှိ စစ်ခုံရုံးများတွင် ဂျူရီအဖွဲ့ရဲ့ သဘောတူခွင့်ပြုချက်ကို ဆန့်ကျင်ပြီး တရားသူကြီးတွေကို ပါလက်စတိုင်းများအပေါ်ချမှတ်နိုင်တဲ့ အခွင့်အာဏါပေးလိုက်တာဖြစ်ပါတယ်။ ဂျူးအခြေချနေထိုင်သူများအတွက်ကတော့ အရပ်သားတရားစီရင်ရေး၏ လက်အောက်ခံအတိုင်းပဲ ထားရှိမှာပါ ။
ဥပဒေကြမ်းကို ထိုင်ခုံ ၁၂၀ တွင် ထောက်ခံမဲ ၃၉ မဲ နဲ့ ကန့်ကွက်မဲ ၁၆ မဲဖြင့် အတိုက်အခံများက သပိတ်မှောက်ခဲ့ပါတယ်။ ဥပဒေတစ်ခုဖြစ်လာဖို့ နောက်ထပ် အဆင့်နှစ်ဆင့် မပြီးခင် ပြင်ဆင်ရေး ကော်မတီကို ပေးပို့သွားမှာ ဖြစ်ပါတယ်။
အဲ့ဒိ ဥပဒေက အကြမ်းဖက်မှုကို ပိုမိုဖြစ်ပေါ်စေလာနိုင်ကြောင်း၊ ပါလက်စတိုင်းအတွက်ဖြစ်နေပြီး ဂျူးအကြမ်းဖက်သမားများအတွက် အကျုံးဝင်မဝင်ဘူး ဖြစ်နေကြောင်း၊ အစ္စရေးက အခြားလူမျိုးတွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခွင့်ရှိပြီး အခြား လူမျိုးတွေက ဂျူးတွေအပေါ်ကို ကျူးလွန်လျှင် သေဒဏ်ပေးမယ်ဆိုတာ မှားနေကြောင်း ဝေဖန်သူများက ထောက်ပြခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment