ပျော်ဘွယ် ၊ နိုဝင်ဘာ ၁၁
ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒီဇင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရန် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်ရာတွင် သတ်မှတ်ဥပဒေနှင့်ညီညွတ်မှုမရှိသူများနှင့် သေဆုံးသူများ ပါဝင်မှုမရှိစေရေး၊ ဥပဒေနှင့်ညီညွတ်သည့် မဲဆန္ဒရှင်များကျန်ရှိမှု မရှိစေရေး၊ သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေးတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ ပူးပေါင်းဆောင်ရွက်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment