ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာမြတ်စွာဘုရားကြီး၏ (၂၁၀) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာမြတ်စွာဘုရားကြီး၏ (၂၁၀) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်အခမ်းအနားကျင်းပ



ကြံခင်း  ၊   နိုဝင်ဘာ  ၁


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာဒီပင်္ကရာ မြတ်စွာဘုရားကြီး၏ (၂၁၀) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော် အခမ်းအနားကို ယမန်နေ့ည (၈) နာရီအချိန်က အဆိုပါဘုရားဝန်းအတွင်း ကျင်းပခဲ့သည်။


ရှေးဦးစွာ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ကျွဲဝိုင်းအဖွဲ့(၈)ဖွဲ့က သတ်မှတ်နေရာများတွင် နေရာယူကြပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ (အဖွဲ့ဝင်) ဗိုလ်မှူး သောင်းထွဋ်လွင်နှင့်ဇနီး၊ အဖွဲ့ဝင်ဦးကျော်ကျော်တို့က မီးပုံပျံများ အသီးသီးလွှတ်တင်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက်  ကျွဲဝိုင်းအဖွဲ့(၈) ဖွဲ့နှင့် လှပျိုဖြူများက အက၊ အလှများဖြင့်ဖျော်ဖြေကြကာ  ဗိုလ်မှူး သောင်းထွဋ်လွင်နှင့် ဇနီးတို့က မြို့သစ်မောင်၊ ငွေရောင်မောင်၊ ဆန်းသစ်မောင်၊ ပြည်စုံမောင်၊ စံပြမောင်၊ ခေတ်ရှေ့မောင်၊ ရတုမောင်နှင့် တိုင်းချစ်မောင် ကျွဲဝိုင်းအဖွဲ့များအား  ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ရာ ကျွဲဝိုင်းအဖွဲ့ခေါင်းဆောင်များက လက်ခံရယူကြသည်။ အဆိုပါ ဘုရားတော်ပွဲကို တန်ဆောင်မုန်းလဆန်း(၁၁)ရက်မှစတင်၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်ဘုရာဖူးများ ကြည်ညို သဒ္ဒါပွားများစေရန် ဘုရားတန်ဆောင်းအတွင်း ကိန်းဝပ် စံပယ်အပူဇော်ခံခြင်း၊ စေတနာရှင်အလှူရှင်များက ဒါနပါဝထ္ထူအစုစုတို့ဖြင့် မဲပို့လှူဒါန်းခြင်း၊ တန်ဆောင်းမုန်းလပြည့်နေ့ အာရုဏ်တတ်ချိန်တွင် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း တို့ဆောင်ရွက် ပြီး၊ မြို့ပေါ် ရပ်ကွက်များသို့  ဒီပင်္ကရာရုပ်ပွားမြတ်ကြီးနှင့်အတူ နောက်ပါသံယာတော် (၂၀၀) ပါးဖြင့် မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်သွားမည်ဖြစ်ကြောင်းနှင့် ဘုရားပွဲတော်ကာလအတွင်း ကျွဲဝိုင်း အဖွဲ့များက ညစဉ်တစ်ဖွဲ့စီဖြင့် တေးသရုပ်ဖော် အကအလှများဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း ဒီပင်္ကရာဘုရားဂေါပကအဖွဲ့ထံက သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)