ကျိုက်လတ်မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာမှုအား တာဝန်ရှိသူများ လိုက်လံစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာမှုအား တာဝန်ရှိသူများ လိုက်လံစစ်ဆေး





ကျိုက်လတ်၊ နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာမှုအား လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ် မဲစာရင်းကပ်ထားသည့် နေရာများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက် ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် မပါဝင်သူများ ပုံစံ-၃ဖြင့် မဲစာရင်းတွင် ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင် မိမိအချက်အလက်များ လွှဲမှားနေပါက ပြင်ဆင်ပေးရန် ပုံစံ-၄(ဂ)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများတွင် မဲစာရင်းထုတ်ပြန် ကြေညာသည့် နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ (၄)ရက်နေ့ထိ (၁၄)ရက်အတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲရုံ(၂၀၇)ရုံ လျာထားသတ်မှတ်ထားရှိပြီး၊ ဒုတိယအကြိမ် မဲစာရင်းအရ မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁၄၂၉၃၈) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။


လှိုင်မင်းအောင်

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)