မန္တလေး ၊ နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန္ဒာမြောက်မြို့တက်လမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ဦးလှမိုးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး နှင့်တကွ တာဝန်ရှိသူများအား နန္ဒာမြောက် အ.လ.က ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ကတ္တရာလမ်းသစ်အား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်နှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တောင်သူများ၏ ဒေသဆိုင်ရာ အခက်အခဲများကို တွေ့ဆုံမေးမြန်းပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူများ၏ အခက်အခဲများ တင်ပြမှုအပေါ် ပြည်သူထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး၊ ကတ္တရာလမ်းပိုင်းနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment