မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


နေပြည်တော်၊ နိုဝင်ဘာ ၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ များအား ယမန်နေ့က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား တပ်မတော် အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ် အေးချမ်းသာယာပြီး ငြိမ်းချမ်းပါစေကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်အနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးဆုံးပြီးချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အစိုးရအသစ်ဖြင့် နိုင်ငံတော်တာဝန်ကို ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများလိုလားချက်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ ကောင်းမွန် သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ကောင်းမွန်သည့် နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိသည့် ဒေသများတွင် တိုးတက်မှုများရရှိနိုင်မည်ဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းချမ်းမှုမရှိသည့်ဒေသများ တွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်မည် မဟုတ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်သကဲ့သို့ ဒေသတွင်နေထိုင်သည့်သူများကလည်း အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်ကြောင်း၊ အလားတူ ပညာရည်မြင့်မားရေးသည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းပြီးချိန်တွင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေး ကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကိုချမှတ်ထားကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခုအနေဖြင့် အလုပ်လုပ် ကိုင်မှသာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို ဆောင်ရွက် ခြင်းသည် ပုဂ္ဂလိကနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အတတ်ပညာများလိုအပ်ကြောင်း၊ အတတ်ပညာရှိရန်အတွက် အတန်းပညာများမြင့်မားရန်လိုအပ်သဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပညာရည်အားနည်းသူများကို ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးချနိုင်ရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။ 

မိမိတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင် မှုမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ များစွာရှိကြောင်း၊ ၎င်းတို့အား နိုင်ငံတော်အတွက် မည်ကဲ့သို့အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာ ပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင် သည့် Polytechnic ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း။

တိုးတက်သည့်နိုင်ငံတိုင်းသည် ပညာတတ်များပေါကြွယ်ဝပြီး ရာနှုန်းပြည့် နီးပါးခန့် အဆင့်မြင့်ပညာများတတ်မြောက်သည့် နိုင်ငံများဖြစ်သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခြေခံပညာအဆင့်၊ အလယ်တန်းပညာအဆင့်၊ အထက်တန်း ပညာအဆင့်နှင့် အဆင့် မြင့်ပညာအဆင့်များအလိုက် ပြီးဆုံးမှုများမှာ ရာခိုင်နှုန်း အလိုက် နည်းပါးမှုရှိသည်ကိုတွေ့ရကြောင်း၊ ကရင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာရှိပြီး အမှန်တကယ်လုပ်ကိုင်နိုင်ကြရန်နှင့် နည်းစနစ်တကျဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း။

ကရင်ပြည်နယ်အတွင်း တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီ ရေးအတွက် လိုအပ်လျက်ရှိနေသေးကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဝမ်းစာဖူလုံမှုနှင့် ဒေသဝင်ငွေတိုးတက်ရေး ကိုများစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး တိုးတက်စေရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ စီပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရန်လို ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုများ တိုးတက်ကောင်းမွန် လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများလိုအပ်ကြောင်း၊ နိုင်ငံရေးမောင်းနှင် အားကောင်းမွန်မှသာ စီးပွားရေးမောင်းနှင်အားကောင်းမွန်မည်ဖြစ်ပြီး စီးပွားရေး မောင်နှင်အား ကောင်းမွန်မှသာ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်နိုင်မည်ဖြစ် ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှုသည် နိုင်ငံတစ်ခုအတွက် မဖြစ်မနေအရေးကြီး သည့် ကဏ္ဍမှ ပါဝင်သဖြင့် စီးပွားရေးအားကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း။

ကရင်ပြည်နယ်အတွင်း လယ်ယာမြေအများစု၌ ရေများဖုံးလွှမ်းလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထိုသို့ရေများဖုံးလွှမ်းလျက်ရှိခြင်းကြောင့် ဆောင်းသီးနှံများအချိန်မီ စိုက်ပျိုးရန်အတွက် အခက်အခဲရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရေဖုံးလွှမ်းမှုများ လျော့နည်းစေရေးအတွက် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ကရင်ပြည်နယ်အတွင်း ပုစွန်မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်သဖြင့် ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည်ဆိုပါက ဒေသအကျိုးအတွက် များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ အလားတူ ဒေသအတွက်လိုအပ်သည့် အသား၊ ငါးနှင့်ဥများထုတ်လုပ်မှုတိုးတက်စေရေး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ထိုက်သင့်သည့် အသား၊ ငါး ဈေးနှုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း။

ကရင်ပြည်နယ်အတွင်း ပညာရည်မြင့်မားစေရေးအတွက် တန်းစဉ်ကူးပြောင်း မှုများမြင့်မားနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အကြောင်းအမျိုးမျိုးအရ တန်းစဉ် ကူးပြောင်းမှုများ နည်းပါးနေသေးကြောင်း၊ ပညာရေးကို အားပေးမှသာ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထက် တန်းပညာအဆင့် ပြီးဆုံးအောင်သင်ကြားနိုင်မှုမရှိသူများအတွက်လည်း အလုပ်အကိုင် များရရှိရေးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရှိပြီးသား လူသားအရင်းအမြစ်များ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နိုင်စေရေး သင်တန်းများဖွင့်လှစ်ဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊ ခရိုင်များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက် တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို များစွာအထောက်အကူပြုစေမည်ဖြစ် ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက် နိုင်ခြင်းဖြင့် အထွက်နှုန်းများတိုးတက်လာပြီး တောင်သူတစ်ဦးချင်း၏ ဝင်ငွေများတိုး တက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အတွင်း ပညာရည်ဖွံ့ဖြိုးတိုး တက်စေရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။

ကရင်ပြည်နယ်သည် နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကတည်းက လက်နက်ကိုင် သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများပျက်ယွင်းပြီး ပြည်နယ် အတွင်း နေထိုင်သည့် ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများ ရှိကြောင်း၊ ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်ဆောင်နေ သူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာသင်ကြားနိုင်မည်၊ ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်စီးနေသည့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်ဆောင်ရွက်နေမှုများကို ပြည်နယ်အတွင်းနေထိုင်ကြသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ဆောင် ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်ကရင်ပြည်နယ်အတွင်းဒေသတည်ငြိမ် အေးချမ်းမှုပျက်ယွင်းအောင် လုပ်ဆောင်နေမှုများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း များ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား တပ်မတော် အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မကြာမီကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား အထွေ ထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေး ပိုင်းဆိုင်ရာအရ အပိုင်းသုံးပိုင်းခွဲ၍ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများလုပ်ဆောင်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မဲမသမာမှုမဖြစ်စေရေးနှင့် ဆန္ဒမဲများပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရမည်ဖြစ်ပြီး လူကိုအခြေခံသည့် ဖက်ဒရယ်စနစ်မဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ကျင်းပသည့်ရွေးကောက်ပွဲသည့် သိက္ခာ ရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးရန်လိုကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ် အနေဖြင့် မိမိတို့နိုင်ငံ၏ နည်းလမ်းတကျဖြစ်သည့် နိုင်ငံရေးစနစ်ဖြစ်စေရေး ရွေးကောက်ပွဲသည်အခြေခံဖြစ်သဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေး ဆောင်ရွက်ပေး ကြရန်လိုကြောင်း။ 

ဆန္ဒမဲပေးရာတွင်လည်း ဒေသအကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးကိုဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်ပေးနိုင် သူ၊ နိုင်ငံတော်မှတရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့်အတူတကွ ပူးပေါင်း ၍ နိုင်ငံတော်၏အကျိုးကိုဆောင်ရွက်နိုင်သည့် စိတ်ရှိသူ၊ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါး ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သည့် သူများကို ရွေးချယ်နိုင်ရန်လိုကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်းမြင့်ကော်ဖီများ စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိသကဲ့သို့ မြေနိမ့်ကော်ဖီဖြစ်သည့် (ရိုဘက်စတာမျိုး) များစိုက်ပျိုးဖြစ် ထွန်း သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ကော်ဖီများသည် ပြည်ပဈေး ကွက်ဝင်ထုတ်ကုန်များဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အတွင်းစိုက်ပျိုးဖြစ် ထွန်းနိုင်သည့် မြေနိမ့်ကော်ဖီများအား စိုက်ပျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသဝင်ငွေကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ သရက်၊ ရာဘာ၊ ဒူးရင်း၊ ကွမ်းစသည့် စိုက်ပျိုးရေးခြံများ၌ မြေနိမ့်ကော်ဖီများကို သီးညှပ်အဖြစ် စိုက်ပျိုးသွား မည်ဆိုပါက ဒေသအတွက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ကရင်ပြည်နယ်အတွင်း ဝါးများ ပေါများစွာထွက်ရှိသဖြင့် ဝါးကိုအခြေခံသည့် လက်မှုပစ္စည်းများ၊ ပျော့ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထိုသို့ ဝါးပျော့ဖတ်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပမှ စက္ကူများတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ ရာဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံမှထွက်ရှိသည့် ရာဘာများ ကို တရားမဝင်လမ်းကြောင်းများမှ ပြည်ပသို့တင်ပို့လျက်ရှိသဖြင့် နိုင်ငံတော်အနေဖြင့် ထိခိုက်မှုများရှိကြောင်း၊ ရာဘာများထုတ်လုပ်ရာတွင်လည်း အရည်အသွေးပြည့်မီစွာ ဖြင့်ထုတ်လုပ်နိုင်ရန်လိုပြီး ပြည်နယ်အတွင်း၌ ရာဘာကိုအခြေခံသည့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများကို ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း။

ငြုပ်ကောင်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဥယျာဉ်ခြံမြေများ၌ သီးညှပ်အဖြစ် စိုက်ပျိုးသွားမည်ဆိုပါက ဒေသဝင်ငွေကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ် မှုလုပ်ငန်းများမှဝင်ငွေများ တိုးတက်လာခြင်းဖြင့် ငွေကြေးလည်ပတ်မှုများကောင်းမွန် လာပြီး ဒေသတွင်းစီးပွားရေးများကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမှန် တကယ်အလုပ်လုပ်ကြရန်လိုကြောင်း၊ ထိုသို့အလုပ်လုပ်နိုင်ရန်အတွက် တည်ငြိမ်အေး ချမ်းမှုရှိရန်နှင့် ပညာရေးအားပေးကြရန် မဖြစ်မနေလိုအပ်ကြောင်းဖြင့် ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)