မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်၊ ယင်းသာစည်(အနောက်) SMART Village ကျေးရွာတွင် ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်၊ ယင်းသာစည်(အနောက်) SMART Village ကျေးရွာတွင် ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 



မကွေး   ၊ နိုဝင်ဘာ ၁၆


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ယင်းသာစည်(အနောက်) SMART Village ကျေးရွာတွင် ဘက်စုံသုံးခန်းမဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ကျေးရွာများမှ ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ကာ၊ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှု၊ ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှု၊ နေအိမ်သုံး ဇီဝဓာတ်ငွေ့ကန် တည်ဆောက်ထားမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အခမ်းအနားကို ဘက်စုံသုံးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများရဲ့ မြို့ပြနဲ့ကျေးလက်ကွာဟမှု ကျဉ်းမြောင်းလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ကျေးရွာများ အမြန်ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီကနေ့ဖွင့်လှစ်ပေးလိုက်တဲ့ ဘက်စုံသုံးခန်းမအပါအဝင် ကဏ္ဍအလိုက်ဆောင်ရွက်ပေးထားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ကျေးရွာသူ၊ ကျေးရွာသားများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက SMART Villge စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားကာ၊ ကျေးရွာမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားနှင့် ကျေးရွာမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဘက်စုံသုံးခန်းမမှာ အလျား ၆၀ပေ၊ အနံ ၃၆ပေ၊ အမြင့် ၁၂ပေ ရှိပြီး ၂၀၂၅ -၂၀၂၆ ခုဘဏ္ဍာနှစ်တွင် SMART Village စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၆၀ ဒသမ ၁ သန်း စုစုပေါင်းရန်ပုံငွေကျပ် ၈၀ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ်က စတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ (၃၆၉)အိမ်မှ လူဦးရေ (၁၅၃၉)ဦးတို့အတွက် အကျိုးပြုလျက်ရှိကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)