ရွှေဘိုPDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားသည့် ဆရာတော် ဒေါက်တာဝိသုတ ကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်း ဆရာတော် အရှင်သုနန္ဒ မိန့်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုPDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားသည့် ဆရာတော် ဒေါက်တာဝိသုတ ကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်း ဆရာတော် အရှင်သုနန္ဒ မိန့်ကြား


နေပြည်တော်၊ နိုဝင်ဘာ ၁၅

ရွှေဘိုPDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားသည့် ဆရာတော် ဒေါက်တာဝိသုတ ကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်း ဆရာတော် အရှင်သုနန္ဒ က မြန်မာနေရှင်နယ်ပို့စ်သို့ မိန့်ကြားသည်။

ဆရာတော် အရှင်သုနန္ဒ က "ဆရာတော်တို့ဘက်က တစ်ခုခုလုပ်လို့ရှိရင် ဖမ်းဆီးခံထားရတဲ့ ဆရာတော်အတွက် ပိုပြီးစိုးရိမ်ရတယ်။ အဲဒီတော့ မေတ္တာရပ်ခံရမှာပေါ့။ ဦးဇင်းတို့ ရွှေတိဂုံဘုရားမှာ ဘုရားဝတ်တက်မယ်။ မေတ္တာသုတ်၊ မောရသုတ်ရွတ်မယ်။ ပြီးတော့ သူတို့ကို မေတ္တာရပ်ခံပြီးတော့ ပြန်လွှတ်ပေးဖို့ကို တောင်းဆိုမယ်ပေါ့လေ။ ဆရာတော်က ရွှေဘိုမှာလည်း ပရဟိကျောင်းတည်ထောင်ထားတယ်။ နောက်တစ်ခုက အိန္ဒိယမှာလည်း ကျောင်းတည်ထောင်ထားတယ်။ နှစ်နိုင်ငံ သာသနာပြုနေတယ်ပေါ့။ ဒီလို ဆရာတော်တစ်ပါးကို ဖမ်းဆီးခြင်းဟာ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာမျက်နှာစာမှာလည်း မကောင်းဘူးပေါ့။ ဒါကိုလည်း PDF ဘက်က သိစေချင်တယ်။ အဓိက ဦးဇင်းတို့က ထိခိုက်နစ်နာမှုတွေ မဖြစ်စေလိုဘူး။ ဒါကြောင့် မေတ္တာရပ်ခံ တောင်းဆိုမှာပါ။" ဟု မိန့်ကြားသည်။

ဆရာတော် ဒေါက်တာဝိသုတ သည် ကထိန်ရှိသည့်အတွက် ပြန်လာစဉ် PDF အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ဦးဆောင်သူမှာ ရှေ့နေဟောင်း စုရည် ဆိုသည့် အမျိုးသမီးဦးဆောင်သည့် PDF အဖွဲ့တွင် ဖမ်းဆီးထားခြင်းဖြစ်ကြာင်း၊ ဖမ်းဆီးသွားသူမှာ ကင်းပြားဂိတ်တွင် တာဝန်ကျတဲ့ မင်းသားဆိုတဲ့ကောင်က ဖမ်းပြီး စုရည်တို့အဖွဲ့မှာ ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဆရာတော်ကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံရာတွင် ဘယ်အဖွဲ့အစည်းကမှ ဦးဆောင်ခြင်းမဟုတ်ဘဲ ဆရာတော်များ၊ ဒကာ/ ဒကာမများစုပေါင်း၍ တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)