မှော်ဘီမြို့နယ် နွေစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ် နွေစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ

 



ရန်ကုန် ၊  နိုဝင်ဘာ ၂၆


၂၀၂၅ - ၂၀၂၆ ခုနှစ် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာ၊ ပျားပုံးများ ပေးအပ်ခြင်းနှင့်နွေစပါးမျို့စေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင်  တောင်သူများအနေဖြင့် လယ်ယာသုံး စက်ကိရိယာတွေကို ကျယ်ကျယ်ပြန့်ပြန့် အစားထိုးအသုံးပြုသွားကြရန်၊ စားရေရိက္ခာဖူလုံရေးနှင့် သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် သီးနှံရာသီအလိုက် လုပ်ငန်းလမ်းညွှန်ချက်များကို လိုက်နာပြီးလျာထားချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များဖြင့် ပူးပေါင်းပြီး အောင်မြင်အောင်ဆောင်ရွက်သွားကြရန်နှင့် စားရေရိက္ခာဖြည့်တင်းရန်အတွက် စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုတိုးတက်ထုတ်လုပ်ရန် လိုအပ်သကဲ့သို့ ဆန်စပါး၊ ပဲ၊ ဆီဖူလုံအောင်သာမက အခြားသီးနှံများကို တစ်သီးမှ နှစ်သီး၊ သုံးသီးအထိ မိမိတို့ဒေသ၏ လယ်မြေများတွင် နေရာလပ်မကျန် အချိန်မီ စိုက်ပျိုးထားရန် လိုအပ်ပါကြောင်း စသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တောင်သူများအား ဓာတ်မြေဩဇာများနှင့် ပျားပုံးများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တောင်သူ ဒေါ်အေးအေးပိုင်၏လယ်တွင် ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးနေမှု၊ နွေစပါးမျို့စေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနေမှု၊ ပြသထားသည့် စပါးမျိုးစေ့နမူနာများနှင့် ဓာတ်မြေဩဇာများကို လှည့်လည်ကြည့်ရှုအားပေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)