သင်္ဃန်းကျွန်း ၊ နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ် အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) များကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀) လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိရာ Biographic/ Biometric အချက်အလက်များ မှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထား လက်မှတ်တစ်ခုခုအား တစ်ပါတည်း ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။Smart Card များအား အစိုရရုံးပိတ်ရက်များမှအပ နေ့စဥ်နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေပိုင်းအထိ လျှောက်ထားသည့် ပြည်သူများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မိုး(သင်္ဃန်းကျွန်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment