အကျင့်ပျက်ခြစားမှုတွေဖြစ်နေမှတော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေးစကားပြောလို့ရမလဲ လို့ ထရမ့်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကျင့်ပျက်ခြစားမှုတွေဖြစ်နေမှတော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေးစကားပြောလို့ရမလဲ လို့ ထရမ့်ဆို


ဒီဇင်ဘာ - ၁ (တနင်္လာနေ့ ) 

ယူကရိန်- ရုရှား ငြိမ်းချမ်းရေးအတွက် ဖလော်ရီဒါမှာ ယူကရိန်းသံတမန်တွေနဲ့ တွေ့ဆုံပြီးနောက် အဲဖို့စ်ဝမ်း လေယာဉ်ပျံပေါ် မတက်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေးကိုပွဲစားလုပ်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိငြိမ်းချမ်းရေး စကားဝိုင်တွေမှာ အဓိကဖြစ်နေတဲ့ အခက်အခဲက ယူကရိန်းက အကျင့်ပျက်ခြစားမှုကိစ္စတွေပဲဖြစ်တယ်လို့ ပြောသွားပါတယ်။ အဲ့ဒိဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုလည်း တက်ရောက်ခဲ့ပါတယ်။ 

“အကျင့်ပျက်ခြစားမှုတွေက နေရာတိုင်းမှာဖြစ်နေတော့ ဘယ်လို အကူအညီတွေကို ပေးရမလဲ” လို့ သတင်းထောက်တွေရဲ့မေးခွန်းကို ပြန်ဖြေခဲ့ပါတယ်။ ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးက ပဋိပက္ခကို အဆုံးသတ်လိုကြပါတယ်။ ကျနော်တို့မှာ သဘောတူညီချက်တစ်ခု ပြုလုပ်နိုင်တဲ့ အခွင့်အလမ်းကောင်းတွေလည်း ရှိနေပါတယ်” လို့လည်း ပြောသွားပါတယ်။  

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးရဲ့ အတွင်းစည်းမှ ပုဂ္ဂိုလ်တွေပါဝင်တဲ့ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြီး က ပြီးခဲ့သည့်လမှာ ယူကရိန်းတွင် လှုပ်ခတ်သွားခဲ့ပါတယ်။ ယူကရိန်းခေါင်းဆောင်ရဲ့ နှစ်ရှည်စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဟောင်း တင်ဘာမင်ဒစ် က နိုင်ငံခြားအထောက်အပံ့နဲ့ လုပ်နေတဲ့ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာသန်း ၁၀၀ လာဘ်စားထားတယ်ဆိုပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီများက စွပ်စွဲထားပါတယ်။ မင်ဒစ်ကို ဖမ်းဆီးဖို့လုပ်တော့ အတွင်းသတင်းပေးတွေကြောင့် ဖမ်းဆီးခံရခြင်းမှ ရှောင်လွှဲကာ နိုင်ငံမှ ထွက်ပြေးသွားခဲ့ပါတယ်။ အဆိုပါ အရှုပ်တော်ပုံကြောင့် လူခုနစ်ဦးကို စွဲချက်တင်ကာ အစိုးရဝန်ကြီးနှစ်ဦးကို ရာထူးမှ နုတ်ထွက်စေခဲ့ပြီး ထိပ်တန်းအရာရှိများ ထပ်မံပါဝင်နိုင်တယ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောခဲ့ကြပါတယ်။ 


REF: RT

#News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)