ဒီဇင်ဘာ - ၂၀ ( စနေနေ့ )
တိုကျိုဒေသတွင် ပြင်းအား ရစ်ခ်ျတာစကေး ၇ နှင့် အထက်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ပါက လူပေါင်း ၁၈,၀၀၀ ထက်မနည်း သေဆုံးပြီး အဆောက်အဦ ၄၀၀,၀၀၀ ခန့် ပျက်စီးမယ်လို့ ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်သော အစိုးရ ကျွမ်းကျင်သူအဖွဲ့ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
မြို့တော်တွင် ပြင်းအားမြင့် ငလျင် လှုပ်ခတ်ပါက လူပေါင်း ၂၃,၀၀၀ ခန့် သေဆုံးကာ အဆောက်အဦ ၆၁၀,၀၀၀ ပြိုကျ သို့မဟုတ် ပျက်စီးသွားဖွယ်ရှိကြောင်း ၂၀၁၃ ခုနှစ်က ခန့်မှန်းထားခဲ့တဲ့ ကိန်းဂဏန်းများထက်စာရင် အများကြီး ကျဆင်းသွားခဲ့ပါတယ်။
ခန့်မှန်းခြေ လူသေဆုံးမှုနှင့် ပျက်စီးသွားသော အဆောက်အဦများ ကျဆင်းခြင်းက ငလျင်ဒဏ်ခံ အဆောက်အအုံများ ဖြည့်တင်းခြင်း နဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေး ဆောင်ရွက်မှုများတွင် တိုးတက်မှုရှိတယ်ဆိုတာကို ပြသနေပါတယ်။
ဒါပေမဲ့ အစိုးရရဲ့ ဘေးအန္တရာယ်လျော့ပါးရေး ရည်မှန်းချက်က ၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်ရောက်တဲ့အထိ ပျက်စီးဆုံးရှုံးမှုကို တစ်ဝက်အထိ လျှော့ချရန် ရည်မှန်းချက် မအောင်မြင်သေးပါဘူး။ အစိုးရအဖွဲ့ရုံးသည် ယခုဘဏ္ဍာရေးနှစ်တွင် အခြေခံတန်ပြန်အစီအမံတစ်ရပ်ကို ဖန်တီးရန် စီစဉ်ထားပြီး အခုပြောတဲ့ ခန့်မှန်းချက်ကလည်း နောက်ဆုံးရရှိထားတဲ့ အချက်တွေပေါ်မှာ အခြေခံထားတာပါ။
ငလျင်ပညာရှင်တွေရဲ့ အဆိုအရ ခြောက်သွေ့သော ဆောင်းရာသီညနေခင်းတွင် လေတိုက်နှုန်း ၂၈.၈ ကီလိုမီတာနှုန်း ဖြင့် တိုက်ခတ်ပါက ပျက်စီးဆုံးရှုံးမှုဒိထက်ပိုများမယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် လူသေဆုံးမှု ၇၀ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း၊ ဂျပန်လူ့အဖွဲ့အစည်းက အသက်အရွယ်ကြီးရင့်သူများမှုနဲ့ လူများက အိမ်တွင်း၌သာနေထိုင်မှုများခြင်းကြောင့် အဆောက်အအုံပြိုကျမှုနှင့် မီးလောင်မှုကြောင့် သေဆုံးရသူဦးရေ ပိုများလာနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ခန့်မှန်းချက်သည် တိုကျိုနှင့် အနီးတစ်ဝိုက်ရှိ လူဦးရေတိုးနှုန်းကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။
ငလျင်ဒဏ်ခံနိုင်သော နေအိမ်အချိုးအစားသည် ၂၀၀၈ ခုနှစ်တွင် ၇၉ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ တိုကျိုဧရိယာထဲမှာ ငလျင်လှုပ်ခတ်စဉ် အန္တရာယ်ရှိနိုင်တယ်လို့ သတ်မှတ်ခံထားရတဲ့ သစ်သားအိမ်ပမာဏက ဟက်တာ ၂,၅၀၀ ရှိနေပါသေတယ်။ အဆိုပါ အန္တရာယ်ရှိသော ဒေသများကို အရွယ်အစား ၈၂ ရာခိုင်နှုန်း လျှော့ချထားနိုင်ခဲ့ပါတယ်။ အခုထုတ်ပြန်တဲ့ ခန့်မှန်းချက်က ၂၀၁၁ ခုနှစ် အရှေ့ဂျပန်ငလျင် နဲ့ ၂၀၂၄ ခုနှစ် နိုတိုကျွန်းဆွယ် ငလျင်များ ကြောင့် သေဆုံးပျက်စီးမှုအပေါ် အခြေခံပြီး တွက်ချက်ထားတာဖြစ်ပါတယ်။
REF - asahi shimbun
#News #MNP

No comments:
Post a Comment