ဘားအံမြို့၌ အခြေခံကင်းထေက်လူငယ်သင်းတန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ အခြေခံကင်းထေက်လူငယ်သင်းတန်းဖွင့်


Uploading: 2070230 of 2070230 bytes uploaded.


ဘားအံ ၊ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်လူငယ်ရေးရာကော်မတီတို့မှ ကြီးမှူးကျင်းပသော အခြေခံကင်းထောက်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၁၆၀ ဦး၊ နည်းပြ ၂၁ ဦး၊ ကြီးကြပ် ၈ ဦးဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်မှအားထားရမည့် ကြီးမားသည့်အင်အားစုဖြစ်သော ကျောင်းသား၊ကျောင်းသူလူငယ်များကို အစဉ်အသင့်ဟူသော ကင်းထောက်ဆောင်ပုဒ်နှင့်အညီ မည်သည့်အရေးပေါ်ကိစ္စတာဝန်ကိုမဆိုဖြတ်ထိုးဉာဏ်ဖြင့် ကင်းထောက်လုပ်ငန်းများကို လျင်မြန်စွာဖြေရှင်းဆောင်ရွက်တတ်စေရန် တာဝန်ရှိသူအပေါင်းတို့မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ယခင်နှစ်ကင်းထောက်လူငယ်သင်တန်း လှုပ်ရှားမှု Video file ကိုအတူတကွကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီကင်းထောက်လူငယ်သင်တန်းအတွက် ငွေကျပ် တစ်ရာ့ကိုးဆယ်သိန်းနှစ်သောင်းကျပ်ကို ချီးမြှင့်ပေးအပ်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ကင်းထောက်နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် ကင်းထောက်လည်စည်းများကိုပေးအပ်၍ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ကင်းထောက်သင်တန်းသား၊ သင်တန်းသူများအတွက် ကင်းထောက်လက်စွဲစာအုပ်များကို ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်းတန်းသူ၊နည်းပြ၊ကြီးကြပ်များနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြပြီး တက်ရောက်လာကြသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

အလားတူ ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို အထိမ်းအမှတ်အခြေခံ အဆောက်အဦဖွင့်ပွဲများ၊ ကရင်အမျိုးသားအလံတင်အခမ်းအနား၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား၊ ဖီဗူးယော် ကောက်သစ်စားပွဲ၊ အသိပညာပေးပြခန်းများ၊ ပဒေသာကပွဲများ၊ ဇာတ်သဘင်အကအလှနှင့် ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီရိကွင်းအတွင်း ဇာတ်သဘင်အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှု၊ မန်းနဲစန်လမ်းနှင့် ကျော်ဇေယျလမ်းထောင့်ရှိ မီးပုံးပျံကွင်း၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)