မုံရွာမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ ခရီးဝေးတွင်တာဝန်များထမ်းဆောင်ကြမည့်ဝန်ထမ်းများ ပဥ္စမနေ့ကြိုတင်ဆန္ဒမဲပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ ခရီးဝေးတွင်တာဝန်များထမ်းဆောင်ကြမည့်ဝန်ထမ်းများ ပဥ္စမနေ့ကြိုတင်ဆန္ဒမဲပေး

 


မုံရွာ  ၊ဒီဇင်ဘာ ၂၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့်ဝန်ထမ်းများ ပဥ္စမနေ့ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက မုံရွာမြို့‌နယ်နန္န္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးအစည်းအ‌ဝေးခန်းမတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါကြိုတင်ဆန္ဒမဲပေးကြရာတွင် ပြည်သူနှင့်နိုင်ငံဝန်ထမ်းများက သတ်မှတ်နေရာများ၌ မဲပေးလျက်ရှိရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မုံရွာမြို့နယ်အတွင်း ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့်ဝန်ထမ်းများနှင့် ပြည်သူများ ကြိုတင်ဆန္ဒမဲကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၇ ရက်နေ့အထိ ဆက်လက်မဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)