ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 




ပုဇွန်တောင်၊ ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများဖြစ်သော မဲစာရင်းများမှန်ကန်စေရေး၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့အပြင် မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းများလည်း ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ပြည်သူ လူထုများ မဲပေးစက်ဖြင့် မဲပေးတတ်စေရန်အတွက် ရပ်ကွက်များသို့ ကွင်းဆင်း၍ သရုပ်ပြ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမအကြိမ်မဲစာရင်းကြေညာခြင်းအား ၂၀၂၅ ခုနှစ် အောက်တို ဘာလ(၂)ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့အထိ ကြေညာပေးခဲ့ပါ ကြောင်း၊ လက်ရှိအချိန်တွင်လည်း ဒုတိယအကြိမ် မဲစာရင်းကြေညာခြင်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့အထိ ကြေညာလျက် ရှိပါ ကြောင်း၊ ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး Door to Door မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကိုလည်း ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကြိုတင်ပြင်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဟန်စုယဉ်

#MNP #News #2025Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)