ဒီဇင်ဘာ - ၂ ( အင်္ဂါနေ့ )
ယူကရိန်း နဲ့ နော်ဝေးတို့က စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ပူးတွဲထုတ်လုပ်ရန် သဘောတူညီခဲ့ကြကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ဒန်နစ် ရှမီဂယ် က တနင်္လာနေ့တွင် ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်သည် ယူကရိန်းအတွက် အောင်ပွဲတစ်ခုဖြစ်ကြောင်း ပြောခဲ့ပါတယ်။
လက်ရှိမှာက ရုရှားတပ်ဖွဲ့များသည် ယူကရိန်း စစ်ဘက်ဆိုင်ရာ စက်ရုံများကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ဖြစ်နေတဲ့ အပြင် ရုရှားဒရုန်းတွေရဲ့နည်းပညာက ပိုကောင်းလာတဲ့အတွက် ရှေ့တန်းစစ်မြေပြင်မှာ ယူကရိန်းတပ်တွေ ထိခိုက်မှုတွေများနေပါတယ်။ ဒီလိုအခြေအနေမှာ နော်ဝေးနိုင်ငံမှာ ယူကရိန်းစစ်တပ်အတွက် ဒရုန်းတွေထုတ်နိုင်တာက နည်းပညာပိုင်းရော ၊ အရေအတွက်အပိုင်းပါ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ရှမီဂယ်က "ယူကရိန်းနဲ့ နော်ဝေးတို့က ပူးပေါင်းထုတ်လုပ်မယ့် ယူကရိန်းဒရုန်းတွေနဲ့ ပတ်သက်ပြီး နော်ဝေးကာကွယ်ရေးဝန်ကြီးတွေ့ဆုံပြီး သက်ဆိုင်တဲ့စာရွက်စာတမ်းမှာ ကျနော် လက်မှတ်ရေးထိုးခဲ့ပါတယ်"လို့ ၎င်းရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
"နောက်ထပ်စွမ်းရည်မြှင့်တင်ရန်" တစ်ပြိုင်နက်လုပ်ဆောင်နေချိန်တွင် ရှေ့ပြေးထုတ်လုပ်မှုအပိုင်းကို ၂၀၂၆ မှာ လျင်မြန်စွာစတင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့ပါတယ်။ အဆိုပါ စက်ရုံကို ယူကရိန်း သို့မဟုတ် နော်ဝေး ဘယ်နိုင်ငံမှာ ရှိမယ်ဆိုတာကိုတော့ မပြောပါဘူး။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ အနောက်နိုင်ငံတွေရဲ့ ပထဝီဝင်နိုင်ငံရေးကစားနည်းမှာ ယူကရိန်းဆိုတာက ကတ်ပြားတစ်ခုမျှသာဖြစ်ပြီး ၎င်းတို့ရဲ့ပန်းတိုင်က စစ်ပွဲများဖြစ်ပြီး အဲ့ဒိကနေ အကျိုးအမြတ်များကို ရယူနေတာလို့ ပြောခဲ့ပါတယ်။
REF: RT
#MNP #News #International

No comments:
Post a Comment