မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



မိတ္ထီလာ ၊  ဒီဇင်ဘာ ၂၃

မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ပန်းလေပြေဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေပြု MSME ဖွံ့ဖြိုးရေး၊ အသက်အရွယ်အပိုင်းအခြားအလိုက် လူဦးရေများ၊ ပညာရေးနှင့်လူ့စွမ်းအား အရင်းအမြစ်များ၊ စက်မှုဇုန်နှင့် စက်ရုံအလုပ်ရုံများ၊ MSME လုပ်ငန်းများဆောင်ရွက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးလက်လမ်းပန်း ဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှုအခြေအနေနှင့် ကုန်စည်ဒိုင်‌တွေ့ကြုံနေရသော စိန်ခေါ်မှုများနှင့် ရရှိနိုင်သောအခွင့်အလမ်းများအား လေ့လာခြင်း၊ ခရိုင်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအပေါ် လျှပ်စစ်ကဏ္ဍ၏ အထောက်အကူပြုမှုအခြေအနေကိုလေ့လာခြင်း၊ ကျေးလက်နေလူမှုဘဝအခြေအနေနှင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး၊ လက်ရှိမြေအသုံးချမှု၊ ရေရရှိမှုနှင့် ရာသီဥတု အခြေအနေပြောင်းလဲလာမှု၊ ခရိုင်၏ကဏ္ဍအလိုက် ထုတ်လုပ်မှုနှင့် စုစုပေါင်းထုတ်ကုန်တွင် ပါဝင်မှုအခြေအနေကို လေ့လာဆန်းစစ်ခြင်းစသည့်ကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါ‌မောက္ခချုပ် Dr.မြသန္တာနှင့် ပါမောက္ခဌာနမှူးများနှင့် မိတ္ထီလာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့်ပါမောက္ခဌာနမှူးများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ (၁၀) ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို တတိယအကြိမ်မြောက် အပြီးသတ်ကျင်းပခြင်းဖြစ်ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် ပထမအကြိမ်နှင့်အောက်တိုဘာလ ၂၁ ရက်နေ့တို့တွင် ဒုတိယအကြိမ်ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများပြီးနောက် ဆွေးနွေးလေ့လာတွေ့ရှိချက်များကို အခြေခံ၍ သုတေသနစာတမ်းအပြီးသတ်ပြုစုတင်ပြနိုင်ရေး ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)