မဲခေါင်-ဂင်္ဂါ စီမံချက်အရ အမျိုးသမီးကလေးများသင်တန်းကျောင်း မန္တလေး၌ သင်တန်းသူအိပ်ဆောင် တစ်ထပ်ဆောင် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲခေါင်-ဂင်္ဂါ စီမံချက်အရ အမျိုးသမီးကလေးများသင်တန်းကျောင်း မန္တလေး၌ သင်တန်းသူအိပ်ဆောင် တစ်ထပ်ဆောင် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပ


မန္တလေး၊ ဒီဇင်ဘာ ၂၁

မဲခေါင်-ဂင်္ဂါစီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်းမန္တလေး၌ အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသည့် သင်တန်းသူအိပ်ဆောင် တစ်ထပ်ဆောင်လွှဲပြောင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က အဆောက်အအုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပြီး ကမ္ပည်းမော်ကွန်းအား နံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားများကို ကျွေးမွေးစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်မွေးပညာများ သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသားများနှင့် တွေ့ဆုံကာ ကျောင်းသို့ ရောက်ရှိနေစဉ်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေး၊ သက်မွေးပညာများ သင်ကြားလေ့ကျင့်နိုင်စေရေး၊ သင်တန်းကျောင်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးနိုင်စေရေးနှင့် ကျောင်းသားများအနေဖြင့် ရပ်ရွာအသိုင်းအဝိုင်းအတွင်း ကောင်းမွန်စွာ ပြန်လည်ဝင်ဆံ့၍ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို အကျိုးပြုသည့် လူသားစွမ်းအားစုများ ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။   


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)