အိမ်မဲမြို့၌ ဒုတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့၌ ဒုတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်




အိမ်မဲ  ၊ ဒီဇင်ဘာ ၂


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၌ မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် ဒုတိယအကြိမ်ကပ်ထား ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၏ ကြီးကြပ်မှုဖြင့်တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အိမ်မဲမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်နေ့က သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့ပြီး အဆိုပါစာရင်းကိုအခြေခံ၍ စာရင်းကျန်ရှိ နေသူများအား ထပ်မံဖြည့်စွက်နိုင်ရန်နှင့် မဲစာရင်းတွင် မပါဝင်သင့်သူများအား ပယ်ဖျက်ခြင်းတို့ကို ပြည့်စုံမှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲ့များ ဖွဲ့စည်း၍ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းဆောင်ရွက်မှုအား အိမ်မဲမြို့နယ်အတွင်းရှိ ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၇)အုပ်စုတို့၌ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)