မော်စကို၊ ဒီဇင်ဘာ ၂၀
ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ကျင်းပသော “နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်း” အခမ်းအနား၌ ဆင်ဟွာသတင်းထောက်တစ်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် ရုရှားသမ္မတ ဗလာတီမာပူတင်က ရုရှား-တရုတ် ဆက်ဆံရေးသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး ရုရှား-တရုတ် ဆက်ဆံရေးသည် ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးသော အကြောင်းရင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား-တရုတ် နှစ်နိုင်ငံ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၀ မှ ၂၅၀ ဘီလီယံအထိရှိသော အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အဆင့်မြင့်နည်းပညာသုံး ထုတ်လုပ်မှုလုပ်ငန်း၊ သိပ္ပံ ပညာရေး၊ လူမှုယဉ်ကျေးမှု၊ အာကာသစူးစမ်းလေ့လာရေး ကဏ္ဍတို့တွင်လည်း ဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ရာ ယင်းမှာ နှစ်နိုင်ငံအကြား အဆင့်မြင့် အပြန်အလှန်ယုံကြည်မှုကို ထင်ဟပ်စေခဲ့ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
“ဒါတွေအားလုံးက ကျွန်တော်ထပ်တလဲလဲ အလေးပေးပြောကြားခဲ့သလိုပဲ ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးတဲ့ အကြောင်းရင်းဖြစ်တယ်ဆိုတာကို ပြသနေတယ်” ဟူ၍ ပူတင်က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်နှင့် မိတ်ဆွေဖြစ် ဆက်ဆံရေးကို ဆက်လက်တိုးတက်သွားစေရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref - (Xinhua)
#News #MNP #International

No comments:
Post a Comment