Pages

Pages

သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်




သာစည်  ၊ ဒီဇင်ဘာ ၅


မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို ဒီဇင်ဘာ ၅ ရက်နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြုနည်းများ ပြသပေးခြင်း၊ ရုံးပတ်ဝန်းကျင်ကို အမှိုက်များ ကင်းစင်အောင် ဆောင်ရွက်ထားကြရန်နှင့်မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်များ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment