မုံရွာ ၊ ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံ့ဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မော်တော်ယာဉ်များအား စတစ်ကာများ လိုက်လံကပ်ထားပေးခြင်းကို တိုင်းဒေသကြီး/ခရိုင် အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်းတွင် လမ်းသွားလမ်းလာ ပြည်သူများထံသို့ “ဒို့အတူတူမဲပေးကြမယ်” စာသားနှင့် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” စာသားများပါလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မော်တော် ယာဉ်များအား စတစ်ကာများ လိုက်လံကပ်ထားခြင်းများအား မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများပူးပေါင်း၍ ပြည်သူများလက်ဝယ်အရောက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မော်တော်ယာဉ်များအား စတစ်ကာများ လိုက်လံကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment