ကော့ကရိတ် ၊ ဒီဇင်ဘာ ၅
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြု ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ဒေါနခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဖြိုးဝေကျော်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးသည့်စနစ်အား ကျင့်သုံးမည်ဖြစ်သောကြောင့် မဲပေးစက်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံစနစ်၊ သတိပြုရမည့်အချက်များ၊ installing ပြုလုပ်ရမည့်နည်းစနစ် စသည့်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ပြီးနောက် မဲပေးစက်ဖြင့် နည်းပညာဆိုင်ရာလုပ်ဆောင်ချက်များကို ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးဖြိုးဝေကျော်က သင်တန်းသား/သင်တန်းသူ (၃၇) ဦးတို့အား လက်တွေ့လုပ်ဆောင်ချက်များဖြင့် ရှင်းလင်းပို့ချခဲ့ရာ သင်တန်းသားများက စိတ်ဝင်တစား အပြန်အလှန်မေးမြန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment