နေပြည်တော်၊ ဒီဇင်ဘာ ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၁၃၄၅ အချိန် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သံသုမာလမ်းတွင် လမ်းလျှောက်လာသူ ဖြိုးဇော် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၄၁၅ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ မရွှန်းလဲ့ဗိုလ် အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၃)ရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း၊ ၁၆၁၅ အချိန် ကျော်ကျော်မင်း အား မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ၁၇၂၅ အချိန် ကျော်ကျော်မင်း နေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀)အား လည်းကောင်း၊ ၂၁၀၀ အချိန် မခင်ချိုချိုနိုင် အား တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၁၄၅၀ အချိန် မခင်ချိုချိုနိုင် နေထိုင်သည့် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၄၀)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးဇော်(၄၆)နှစ်၊ မရွှန်းလဲ့ဗိုလ်(၃၁)နှစ်၊ ကျော်ကျော်မင်း(၃၈)နှစ် နှင့် မခင်ချိုချိုနိုင်(၃၃)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News #MNP


No comments:
Post a Comment