ချောက်မြို့နယ်တွင် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့နယ်တွင် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး


ချောက်  ၊  ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မဲရုံလုံခြုံ‌ရေး တာဝန်ကျသည့်သူများသည် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခဲ့‌ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁)၌ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၄၅)(ခ) အကျုံးဝင်သော မဲဆန္ဒရှင်များအနက် နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာရန်ရှိနိုင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အစိုးရအဖွဲ့အစည်းများ၊ ကော်မရှင်အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့်သူများသည် ဒီဇင်ဘာ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီးဖြစ်ရာ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ (၅)ပါတီမှ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)