နတ်မောက်မြို့၌ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

 

Uploading: 2601984 of 2846660 bytes uploaded.


နတ်မောက် ၊  ဒီဇင်ဘာ ၃


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက မြို့နယ်အတွင်းရှိမိခင်နှင့် ကလေးများကျန်းမာဖွံဖြိုးရေးနှင့် အမျိုးသမီးများဘဝဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား အသိပညာပေးပြောကြားခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁) ဒေါ်ရီရီငြိမ်းက မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လိုက်နာရမည့် ကျန်းမာရေးဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ၊ ရပ်ကွက်/ ကျေးရွာများမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)