စဉ့်ကိုင်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး



စဉ့်ကိုင် ၊  ဒီဇင်ဘာ ၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုမရှိစေရေး ပြည်သူများအားလုံး ပူးပေါင်းပါဝင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ်လာသူများ၊ လူစည်ကားရာ‌နေရာ ဒေသခံပြည်သူများနှင့် ကျောက်ဆည်တက္ကသိုလ်ရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ကျော်စွာ(စဉ့်ကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)