ကြို့ပင်ကောက်မြို့၌ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး ပေါင်းစပ်ညှိနှိုင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့၌ မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး ပေါင်းစပ်ညှိနှိုင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်




ကြို့ပင်ကောက်  ၊  ဒီဇင်ဘာ ၂၃


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများမဲပေးနိုင်ရေး မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မဲဆန္ဒရှင်စာရင်းများ ပြန်လည်စိစစ်ဆောင်ရွက်ရာတွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၉ အုပ်စုမှ မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်း၍ စိစစ်ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့တွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာမဲရုံများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှစ၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ကပ်ထား‌ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဇေယျာထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)