ကျိုက်ထိုမြို့နယ်တွင် ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တွေ့ဆုံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တွေ့ဆုံပွဲပြုလုပ်



ကျိုက်ထို  ၊ ဒီဇင်ဘာ ၂၂


မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ ကြိုတင်မဲဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများဆောင်ရွက်ရမည့် လုပ်ငန်းများ၊ MEVM (မဲပေးစက်နှင့် ပတ်သက်သည့် လုပ်ငန်းများ စသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မဲရုံမှူးများမှ သိရှိလိုသည်များကို မေးမြန်းရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်မှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)