ဒီဇင်ဘာ - ၃ ( ဗုဒ္ဓဟူးနေ့ )
ထိုင်းယစ်မျိုးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အစိုးရအဖွဲ့မှ ပြန်လည်ပြင်ဆင်တဲ့ ၂၀၂၅ အရက်ထုတ်လုပ်ရေး ဥပဒေကို နိုဝင်ဘာ ၂၅ ရက်က အတည်ပြုခဲ့ပြီး လက်ရှိလုပ်ငန်းလိုအပ်ချက်များ နဲ့ အရက်ထုတ်လုပ်ခြင်းဆိုင်ရာ လိုင်စင်စံနှုန်းများကို ချိန်ညှိနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
ယခင်က အရက်ထုတ်လုပ်ခြင်းအတွက် မြင့်မားသောစံနှုန်းများသည် အရည်အသွေး၊ စားသုံးသူဘေးကင်းရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုတို့ကိုပဲ ထိန်းညှိရန် ဒီဇိုင်းထုတ်ခဲ့ပါတယ်။ ယခု မွမ်းမံထားသော စည်းမျဉ်းတွေမှာတော့ အရည်အသွေးထိန်းချုပ်မှု၊ စားသုံးသူဘေးကင်းရေး နဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုရဲ့ အဓိကအခြေခံမူများကို လိုက်နာဆဲဖြစ်ပြီး အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းများအတွက် ပိုမိုသင့်လျော်တဲ့ လိုင်စင်ခွင့်ပြုပေးထားတာပဲ ဖြစ်ပါတယ်။
အဲ့ဒိ ပြောင်းလဲမှုက သမဝါယမများ၊ ရပ်ရွာစီးပွားရေးများ၊ လယ်သမားများ နဲ့ အသေးစားစွန့်ဦးတီထွင် လုပ်ငန်းရှင်များလို အသေးစားအော်ပရေတာများအတွက် ရေရှည်တည်တံ့သောပုံစံဖြင့် ယစ်မျိုးလုပ်ငန်းသို့ ဝင်ရောက်ရန် တံခါးဖွင့်ပေးထားပါတယ်။
ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများကို Royal Gazette တွင် တရားဝင်ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် စတင်အသက်ဝင်ခဲ့ပါတယ်။ အဆိုပါပြောင်းလဲမှုများတွင် အသေးစား ဘီယာ နဲ့ ပေါင်းခံအရက်ထုတ်လုပ်ခြင်း အတွက် လိုင်စင်အမျိုးအစားအသစ်များ၊ ဘီယာအချိုထုတ်လုပ်သူများအတွက် တိုးချဲ့ဖြန့်ဖြူးမှုရွေးချယ်ခွင့်များ ပါဝင်ပါတယ်။ ထို့အပြင် လုပ်ငန်းငယ်များအတွက် စက်ရုံတည်နေရာစံနှုန်းများကို ပိုမိုသင့်လျော်စေရန်အတွက် စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲထားပါတယ်။
အော်ပရေတာများအားလုံးသည် အရက်သည် သောက်သုံးရန် ဘေးကင်းပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေကြောင်း သေချာစေရန် ရေဆိုးသန့်စင်သည့်စနစ်များနှင့် သင့်လျော်သောထုတ်လုပ်မှု လုပ်ငန်းစဉ်များ အပါအဝင် သဘာဝပတ်ဝန်းကျင်၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ဘေးကင်းရေးစည်းမျဉ်းများကို ဆက်လက်လိုက်နာရမှာ ဖြစ်ပါတယ်။
စည်းမျဥ်းသစ်သည် လယ်ယာထွက်ကုန်များဖြစ်သော ဆန်၊ ပြောင်းနှင့် သစ်သီးကဲ့သို့သော ပြည်တွင်း စိုက်ပျိုးရေးထွက်ကုန်များ သုံးစွဲမှု မြှင့်တင်ခြင်းဖြင့် လယ်ယာကဏ္ဍကို အထောက်အကူပြုစေရန် ရည်ရွယ်ပါတယ်။ အဲ့ဒိအစီအစဉ်ကြောင့် စိုက်ပျိုးရေးထွက်ကုန်များ၏ စီးပွားရေးတန်ဖိုးကို တိုးမြင့်စေပြီး နိုင်ငံအတွင်း ရေရှည်တည်တံ့သော ၀င်ငွေကို ဖန်တီးပေးနိုင်ရန် မျှော်လင့်ရပါတယ်။
REF: The Nation
#MNP #News #International

No comments:
Post a Comment