အိမ်မဲမြို့နယ် ကရင်နှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲတော်တွင် မဲပေးခြင်းအကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် ကရင်နှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲတော်တွင် မဲပေးခြင်းအကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေ



အိမ်မဲ  ၊ ဒီဇင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု လက်ပံကုန်းကျေးရွာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနှင့်ကောက်သစ်စားပွဲတော်တွင် အခမ်းအနား တက်ရောက်လာသူများအား MEVM မဲပေးစက်နှင့်မဲပေးခြင်းအကြောင်းလက်ကမ်းစာစောင်များကို (စကောကရင်၊ ပိုးကရင်) နှစ်ဘာသာဖြင့် ယနေ့နံနက် ၇နာရီ ၃၀ မိနစ်က ဖြန့်ဝေခဲ့သည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ပြီး ဖြန့်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာစောင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက လက်ကမ်းစောင်ရေ (၅၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)