ပဲခူး၊ ဒီဇင်ဘာ ၁
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပေါက်ခေါင်းမြို့၌ မြို့မိမြို့ဖများ၊ ပါတီဝန်းရံသူများ ဖိတ်ကြားထားသူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လောင်းများသည် မြို့မိမြို့ဖများအား မိတ်ဆက်အပ်နှံပြီး တက်ရောက်လာကြသူများနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News #USDP #2025Election







No comments:
Post a Comment