နမ့်စန်မြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်မြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး

 


နမ့်စန်(တ)   ၊ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသော မော်တော်ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေး အသိပညာပေးခြင်း၊ ဆိုင်ကယ်စီးဦးထုပ် ရှေ့၊ နောက်မဆောင်းဘဲ ယာဉ်မောင်းနှင်စီးနင်းသူများကို သတိပေးပြောကြား၍ ဦးထုပ်မပါသူများကို ဆိုင်ကယ်စီးဦးထုပ်များ ပြန်လည်ယူဆောင်စေခြင်း၊ ဝယ်ယူစေခြင်း စသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုကို အပတ်စဉ် နေရာအလိုက် ပြုလုပ်သွားမည်ဖြစ်ပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသူများကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)