တောင်ကြီးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်


တောင်ကြီး၊ ဒီဇင်ဘာ ၁၇

တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ပေါ် ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြစိန်နှင့် တာဝန်ရှိသူများသည် မဲဆန္ဒရှင်ပြည်သူများ၏  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နှင့်စပ်လျဉ်း၍  သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို တောင်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စု(၇၅)စုသို့ အဖွဲ့(၃)ဖွဲ့ခွဲ၍ (၅)ရက်အတွင်း အလှည့်ကြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့နယ်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထုအသိပညာပေးဆောင်ရွက်ခြင်းများကို (၁၆)ကြိမ် ဆောင်ရွက်ထားရှိပြီးဖြစ်ရာ မိဘပြည်သူ (၁၃၃၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)