ဒီဇင်ဘာ - ၁၇ ( ဗုဒ္ဓဟူးနေ့ )
တောင်ကိုရီးယားနိုင်ငံရဲ့လူငယ်ဦးရေ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ဆက်လက် ကျဆင်းလာနေပြီး ယခုအခါ အသက် ၁၉ နှစ်မှ ၃၄ နှစ်ကြား လူများသည် နိုင်ငံ၏ စုစုပေါင်း လူဦးရေရဲ့ ငါးပုံတစ်ပုံခန့်သာ ရှိကြောင်း၊ လူငယ်များ သေကြောင်းကြံစည်မှုကလည်း ၁၃ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း အစိုးရပိုင်းနဲ့ ဆက်နွှယ်တဲ့ အစီရင်ခံစာတစ်ခုက မနေ့က ဖော်ပြခဲ့ပါတယ်။
အမျိုးသားအချက်အလက်ဝန်ဆောင်မှု လက်အောက်ရှိ အမျိုးသား စာရင်းအင်းဆိုင်ရာ သုသေသန ဌာန က “ ၂၀၂၅ ခုနှစ် လူငယ်တွေရဲ့ ဘဝအရည်အသွေး” ညွှန်းကိန်းများ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အသက် ၁၉ နှစ် မှ ၃၄ နှစ်ကြားရှိ လူငယ်ဦးရေသည် ၂၀၀၀ ခုနှစ်တွင် ၁၂,၈ သန်းရှိရာ ၂၀၂၅ ခုနှစ်မှာ ၁၀. ၄ သန်းသာရှိတော့တယ်လို့ ပါရှိပါတယ်။
လူငယ်တွေ ရှိတဲ့ အိမ်ထောင်စု ၄ စုမှာ တစ်အိမ်က တစ်ယောက်တည်းသမားနေတဲ့ အိမ် ဖြစ်လာခဲ့ပါတယ်။ ယင်းကိန်းဂဏန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၆ . ၇ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် ၁၅. ၃ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀. ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အိမ်ထောင်မပြုရသေးတဲ့ အရွယ်ရောက်ပြီးသူများ တိုးပွားလာသဖြင့် အိမ်ထောင်ရေးပုံစံများလည်း သိသိသာသာ ပြောင်းလဲလာပါတယ်။ အသက် ၂၅ နှစ် မှ ၂၉ နှစ်ကြားတွင် လက်မထပ်ရသေးသည့်နှုန်းမှာ အမျိုးသား ၉၅% နှင့် အမျိုးသမီးများ ၈၉% ရှိပြီး ၂၀၀၀ ခုနှစ်တုန်းက ၂၄% နဲ့ ၄၉% ရာခိုင်နှုန်း အသီးသီး ရှိခဲ့ပါတယ်။ အသက် ၃၀ မှ ၃၄ နှစ်ကြားတွင် လက်မထပ်ရသေးသည့်နှုန်းမှာ ၇၄% ( အမျိုးသားရော၊ အမျိုးသမီးရော) ရှိတယ်ဆိုပေမဲ့ ၂၀၀၀ ခုနှစ်တုန်းက ၄၇% ပဲ ရှိပါတယ်။
REF: UPI
#MNP #News #International

No comments:
Post a Comment