ဒီဇင်ဘာ - ၁၇ ( ဗုဒ္ဓဟူးနေ့ )
ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကိုင်ချီ က ယိုယွင်းနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် တရုတ်နှင့် တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ပဲ ကတိပြုလိုက်ပါတယ်။
"ကျမတို့က ရိုးရိုးသားသား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ပြီး ဘုံမဟာဗျူဟာ အကျိုးစီးပွားများကို အခြေခံတဲ့ အပြန်အလှန် အကျိုးရှိသော ဆက်ဆံရေး (တရုတ်နှင့်) ကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်လိုပါတယ်” လို့ ပါလီမန် အထူးအစည်းအဝေး ပိတ်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် တာကိုင်ချီက ပြောလိုက်ပါတယ်။
ထိုင်ဝမ်အရေး နဲ့ ပတ်သက်ပြီး ဂျပန်ပါလီမန်မှာ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဆာနေးတာကိုင်ချီက ထိုင်ဝမ်ကို တရုတ်ဝင်ရင် ဂျပန်အနေနဲ့ လက်ပိုက်ကြည့်မနေနိုင်ဘူးလို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ၂ နိုင်ငံဆက်ဆံရေး ပြိုကွဲသွားခဲ့ပါတယ်။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း တာကိုင်ချီ က သူမရဲ့ မှတ်ချက်က အစိုးရအဖွဲ့ရဲ့ ရပ်တည်ချက် နဲ့ ကိုက်ညီကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
“ကျမတို့ အခုလိုနေတဲ့အရာက ပြင်းထန်တဲ့ဘဏ္ဍာရေးမူဝါဒကနေတစ်ဆင့် နိုင်ငံတော်အာဏာကို အားကောင်းအောင် လုပ်ဖို့ပါပဲ” လို့ ပြောသွားပါတယ်။
REF: nippon
#MNP #News

No comments:
Post a Comment